Monday, December 12, 2016

ကုန်သေတ္တာယာဉ်တစ်စီးက ကုန်သေတ္တာယာဉ်များကို ဝင်တိုက် ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၁၊ ၂၀၁၆



Kokhant Zaw Erssdo to လူပါးဝ bus များ ရပ်
22 hrsYangon
ကုန်သေတ္တာယာဉ်တစ်စီးက ကုန်သေတ္တာယာဉ်များကို ဝင်တိုက်
•••••••••••••••••••••••••••••••••••••••••••••••••••
ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၁
..
ကြည့်မြင်တိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ဝ ရက် ည ၁ဝ နာရီခွဲခန့်က ကွန် ကရစ် လမ်းပေါ်၌ မောင်းနှင်လာသည့် ကုန်သေတ္တာယာဉ်တစ်စီးက ရပ်ထား သည့် ကုန်သေတ္တာယာဉ်နှစ်စီးကို ဆင့်ကဲဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။
..
ကွန်ကရစ်လမ်းအတိုင်း မြောက်မှတောင်ဘက်သို့ ယာဉ်မောင်း စိန်ဖြိုး (၁၈ နှစ်) မောင်းနှင်လာသည့် ပေ ၄ဝ ကုန်သေတ္တာယာဉ် 6B/--- သည် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း အနောက်ဘက်သို့အရောက်တွင် ၄င်းရှေ့ညာဘက်၌ရပ်ထားသည့် ကုန်သေတ္တာ နောက်တွဲယာဉ် 2B/---- ၏ နောက် ပိုင်းကို အရှိန်ဖြင့်ဝင်တိုက်မိပြီး ဘယ်ဘက်လမ်းကြောပေါ် သို့ဆွဲကွေ့ ရာမှ လမ်းဘေး၌ ရပ်ထားသည့် ကုန်သေတ္တာတင်ယာဉ် 4E/--- ၏ နောက်တွဲဘေးအား ထပ်မံတိုက်မိပြီး ရပ်တန့်သွားခဲ့သည်။
..
ယာဉ်သုံးစီးတိုက်မိမှုကြောင့် မောင်းနှင်လာသည့် 6B/--- ကုန်သေတ္တာ ယာဉ် မှာ ကား ခေါင်းပိုင်းတစ်ခုလုံးပျက်စီးခဲ့ပြီး ယာဉ်မောင်းသူမှာ ဦးခေါင်းနှင့်ခြေ လက် တို့၌ ဒဏ်ရာများပြင်းထန်စွာရရှိခဲ့မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ရသည်။
..
တင်ဝင်းလေး(ကြည့်မြင်တိုင်)
Ref : MOI&ဂျက်​တင်
ကျော်​သက်​​ထွေး

No comments:

Post a Comment