Saturday, August 15, 2020

ကျနော်လဲ အဂတိ လုပ်နေ ရ ပြီလေ။

 ကျနော် မြန်မာပြည်ပြန်လာချိန် ကိုယ်မှန်/မှား ပါစေ အာဏာပြ. ငွေတောင်းဖို့ ဖမ်းတဲ့ ယာဉ်ထိန်းရဲကို ချလံရေးခိုင်း. လိုင်စင်သိမ်းခံပြီး ရုံးထိလိုက်ရှင်းခဲ့တာ ၅ကြိမ်မကတော့ပါ။ အကြိမ်အားလုံး အထက်အရာရှိက အမြဲတမ်းပြန်ပေးပြီး.. ငါးမျှားပုံပြင်. ငါးအများကြီးမဖမ်းနိုင်ပဲ တကောင်ပဲမိလို့ပါ..ပြောပြပါတယ်။

.

 ..နောက်ပိုင်း ဖမ်းခံရတာနဲ့ လိုင်စင်/ ဝှီးတက် ပေးလိုက်ပြီး အရေးကြီးလို့ သွားခွင့်ပြုပါ. ၁၅မိနစ်အတွင်း ကျနော့်လူ လာရှင်းပါမယ် တောင်းပန်ပြောရပါတယ်။. .. မိတ်ဆွေတယောက်ကို ဖုန်းဆက် သွားယူခိုင်ရပါတယ်။  ကျပ်၁သောင်း အနည်းဆုံးပေးပြီး လိုင်စင်ဝှီးတက် သွားရွေးခိုင်းတဲ့နည်း သုံးနေပါပြီ. ..ကျနော်လဲ အဂတိ လုပ်နေ ရ ပြီလေ။ 

.

မပေးလို့လဲ မရတော့ပါ။ 

ယာဉ်ထိန်းရဲ ရုံးကနေ တရားရုံး ပို့လ်ုက်ရင် ၂ရက်ကြာပြီး. တရားဝင် ဒဏ်ငွေ ၅သောင်း (တရက်လုပ်အားခရဲ့ ၁၀ဆ) ပေးရတာ ကိစ္စမရှိပေမဲ့ လိုင်စင်ပိတ် ၆လ ပြစ်ဒဏ်က ကြီးလှပါတယ်။ 

.

ပေးရမှာပေါ့ကွယ်။ 

Friday, August 14, 2020

လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ချိုင့်ထဲသို့ထိုးကျ

 လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ယာဉ်တစ်စီး ချိုင့်ထဲထိုးကျ

======================================


ဝမ်းတွင်း   ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အလည်ဂိတ်မီးပွိုင့်အကျော်တွင် ဩဂုတ် ၁၃ ရက်    နံနက် ၂ နာရီ မိနစ် ၅၀ က အိမ်စီးကားတစ်စီးမှ လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ချိုင့်ထဲသို့ထိုးကျကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှု သတင်းအရဒုရဲအုပ်စုရည်နှင်းနှင့်တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင် အမှတ်(၃၂၇/၅)နှင်(၃၂၇/၆)အကြားဝမ်းတွင်းမြို့အလည် ဂိတ်မီးပွိုင့် အနီးတောင်ဘက်မှမြောက်ဘက်သိုယာဉ်မောင်းကိုအောင်ဌေးမောင်းနှင်လာပြီးဘေးတွင်ကိုဝင်းနိုင်(၂၃)နှစ်လိုက်ပါလာသော(MDY-6c/-------) TOYOTA HILUX SURFယာဉ်အမျိုးအစားသည် လမ်းဘေးရှိ လျှပ်စစ် မီးတိုင်ကိုဝင်ရောက်တိုက်မိခဲ့ပြီးအနီးရှိလမ်း၏ယာဘက်ခြမ်းချိုင့် အတွင်းသို့အချိန်လွန်ပြီးတိုးကျသွားခဲ့ရာယာဉ်မောင်းကိုအောင်ဌေးတွင် ယာလက်ခုံပေါက်ပြဲဒဏ်ရာ၊ ကိုဝင်းနိုင်တွင်ဝဲတံတောင်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ရဲဆေးစာနှင့်အတူဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့တင်ပို့ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် အများပြည်သူသွားလာရာ လမ်းမပေါ်တွင် မိမိ ကိုယ်ကိုနှင့်အခြားသူအားထိခိုက်ဒဏ်ရာရရှိအောင် မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်ခဲ့သော ယာဉ်မောင်းကိုအောင်ဌေး(၂၁)နှစ် ရပ်စောက်မြို့နယ်နေသူတို့အား ဝမ်းတွင်းမြို့ မှရဲစခန်းဒုရဲအုပ်စုရည်နှင်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်)

Wednesday, April 12, 2017

ယာဉ်အရှိန်မြှင့်မောင်းနှင်မှုများ - သေဆုံး၊ဒဏ်ရာရပြီး၊ အမှုဖြစ် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်း (2017)

ယာဉ်အရှိန်မြှင့်မောင်းနှင်မှုများ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇
မနေ့က အိမ်နီးချင်းမိတ်ဆွေ၊ ငယ်သူငယ်ချင်းရဲ့ ခင်ပွန်း ဦးဘိုစိန် (အသက် ၆၇) ဆိုင်ကယ်တိုက်မှုနဲ့ ရုတ်တရက်ကွယ် လွန်သွားတယ်။ နေ့ခင်း အလုပ်ကနေ အိမ်ပြန်ထမင်းစားပြီး စက်ဘီးစီးနေတုန်း အရှိန်ပြင်းစွာ ဟွန်းတီးမောင်းလာတဲ့ ဆိုင် ကယ်ရဲ့ ပြင်းထန်စွာဝင်တိုက်ခြင်းကိုခံရပြီး ဆိုင်ကယ်မောင်းသူလည်း ပြင်းထန်စွာဒဏ်ရာရသွားတယ်။ ဦးဘိုစိန် ကွယ် လွန်သွားပါတယ်။ ဇနီးသည် ဒေါ်ဆိုင်းခလိန် ခရီးလွန်နေချိန် နေ့တနာရီအချိန် အိမ်က ဖုန်းဆက်ပြောပြတယ်။ ည ၆ နာရီ အိမ်ပြန်ရောက်ပြီး ဒေါ်ဆိုင်းခလိန်အိမ်ကို သတင်းမေးပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။

အိမ်နီးချင်းမိတ်ဆွေလည်းဖြစ်တဲ့ ဦးဘိုစိန်သားကြီး အသက်၄၀၊ သမီး ၂ ယောက်နဲ့ မြေး ၃ ယောက်ကို စွန့်ခွာပြီး ဦးဘိုစိန် လောကကြီးက အပြီးပိုင်နှုတ်ဆက်သွားပါပြီ။

စည်းကမ်းမဲ့ကားများ (မြန်မာပြည်၊ ရန်ကုန်) Car Drivers in Yangon ဆိုတဲ့ ဖေ့ဘုတ်မှာ ရန်ကုန်မြို့တွင်း မော်တော်ယာဉ်တွေ စည်းကမ်းမဲ့မောင်းနှင်ခြင်းကို ဓါတ်ပုံများနဲ့ ဖော်ပြပါတယ်။ ရန်ကုန်မှာ ကားမောင်းအသက်မွေးသူ၊ ယာဉ်မောင်းသူများစွာရဲ့ အဓိကပြသနာကြီးကတော့ စည်းကမ်းမဲ့သူတယောက်ကြောင့် ကားကြပ်လွန်းတဲ့ ရန်ကုန်မြို့နယ်နမိတ်တွေမှာ အချိန်ကုန်၊ လူပန်း ဖြစ်နေရခြင်းပါ။ ယာဉ်တိုက်မှုတွေကိုလည်း ကားမောင်းသူ ၂ ယောက် စကားနဲ့ဖြေရှင်းရာကနေ ယာဉ်ထိန်းရဲပါရတဲ့ အထိ၊ တရားရုံးတွေအထိ ဖြစ်လာတော့ ငွေအမြောက်အများ ဆုံးရှုံးရပြန်တယ်။

တူတော်မောင်တယောက် ကားမောင်းရင်း လူကိုတိုက်မိပြီးသေသွားလို့ အချုပ်ထဲ တလ ဆွဲထည့်ခံရပြီး သိန်း ၁၀၀ ကျော် အကုန်ခံ ကြေအေးလိုက်ရတယ်။ မိတ်ဆွေရင်းခြာတယောက်လည်း အခြေနေမဲ့တယောက် ကားရှေ့ပြေးဝင်လာတာ တိုက် မိပြီး သိန်း ၁၀၀ ကျော်ကုန်သွားတယ်။ အခြေနေမဲ့ အရက်သမားသေသွားတော့ ဇနီးသည်မိသားစုက လျော်ကြေးသိန်း ၂၀ ကို ၀မ်းသာအားရ ကျေနပ်ပေမယ့် ယာဉ်ထိန်းရဲအမှုဖြစ်တော့ အချိန်ကုန်၊ လူပမ်း၊ ငွေကုန်၊ တောင်းပန်၊ နောင်တရခြင်းကြီးစွာ ဖြစ်ရတယ်။
စင်ကာပူမှာ ၂၀၁၀ လောက်က ငယ်ရွယ်သူ အမျိုးသမီးဒရိုင်ဘာတယောက် သူတိုက်လို့သေသွားသူဘေး ကားရပ်ပြီး ငို ကြွေးဝမ်းနည်းနေတဲ့ သတင်းဓါတ်ပုံကို သတိရမိပါတယ်။


● အရှိန်မြှင့်မောင်းနှင်မှုများ
ယာဉ်တိုက်သေဆုံးမှုများရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒါကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ယာဉ်ထိန်းရဲနဲ့ က.ည.န (ယာဉ် လိုင်စင်ဌာန) တို့က သိရှိပါတယ်။ တရားဝင် အစိုးရထုတ်ပြန်တာကတော့ တနေ့ကို ၁၀ ယောက်လောက် သေတယ်ဆိုပေမဲ့ စားရင်းမရှိပဲ သေဆုံးသူများက ဆယ်ဆလောက် များနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံပြီးရင် မြန်မာက ယာဉ် တိုက်သေဆုံးမှု အများဆုံးလို့ သတင်းစာမှာ ဖတ်မိပါတယ်။

ဆိုင်ကယ်/ကားလေး၊ ကားကြီး အရှိန်မြှင့်မောင်းနှင်ခြင်းကြောင့်
၁။ မိမိကိုယ်တိုင် သေဆုံး၊ ဒဏ်ရာရပါတယ်။
၂။ အခြားသူများ သေဆုံး၊ဒဏ်ရာရပြီး၊ အမှုဖြစ် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်းဖြစ်ရပါတယ်။


● အရှိန်မြှင့်မောင်းနှင်ခြင်းကို ကြိုတင်ကာကွယ်ခြင်း
မြို့နယ်တိုင်းမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆိုတာ ရှိပါတယ်။ က.ည.န၊ ယာဉ်ထိန်းရဲ၊ အုပ်ချုပ်ရေးမှုး၊ စည်ပင် စတဲ့ အစိုးရဌာနများနဲ့ လွှတ်တော်အမတ်၊ လုပ်သားပြည်သူများ ပါဝင်ဖွဲ့စည်းပြီး ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်ကနေ ပြည် ထောင်စုအဆင့်အထိ ဥပဒေရေးဆွဲ၊ အရေးယူထိန်းသိမ်းနေပါတယ်။
ထိုင်း၊ မလေးရှား ဗီယက်နမ်၊ တရုတ်နိုင်ငံတို့မှာ ဘယ်လိုထိန်းသိမ်းသလဲ၊ စည်းကမ်းကြီးလှတဲ့ စင်ကာပူ၊ အမေရိကန် မှာ တော့ လူတွေကိုပညာပေးခြင်းမှာ ကားမောင်းလိုင်စင်၊ ယာဉ်လိုင်စင်တွေကို အလွန်တင်းကြပ်စွာ ထိန်းချုပ်ထားပါတယ်။ လိုင်စင်မဲ့မောင်းနှင်ခြင်းကို မလုပ်နိုင်အောင် ကားမှန်မှာ လိုင်စင်သက်တမ်းကပ်ထားရပါတယ်။ မြန်မာနိုင်ငံကတော့ အိမ်နီး ခြင်း ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများကို စံနမူနာထားပြီး ပညာပေးခြင်းလုပ်နေပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ၂၀၁၇ ခုနှစ်မှာ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဆားမလောက်ရွာနားမှာ ကား ၂ စင်း ခေါင်း ခြင်းတိုက်ပြီး၊ အရိုးကျိုး ရန်ကုန်ဆေးရုံကြီးမှာ တပတ်ဆေးရုံတက်လိုက်ရခြင်းက သတင်းဆိုးကြီးဖြစ်ပါတယ်။ ဒါအကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဆိုင်ကယ်မောင်းတွေကို ပညာပေးခြင်းမလုပ်နိုင်ပဲ ဦးထုပ်မပါ၊ လိုင်စင်မပါ ဒဏ်ငွေ ၃ သောင်း (တနေ့လုပ်အား ခရဲ့ ဆယ်ဆခန့်) ကြီးလေးစွာ ဒဏ်ရိုက်နေတဲ့စနစ်ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်သို့ အကြံပြုတိုင်ကြားချက် (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇ အိတ်ဖွင့်တိုင်စာ ပို့ခဲ့ပါတယ်။ တရားဝင် တိုင်ကြား၊ အကြံပြုစာ လေ့လာလိုသူများ ဖတ်ပေးကြပါဦး
http://driversmyanmar.blogspot.com/2017/04/blog-post_10.html


● ပညာပေးခြင်းသာလျှင် ကြိုတင်ကာကွယ်နိုင်သည်
တိုင်ကြား၊ အကြံပြုစာမှာတော့ ပြည်သူတဦးရဲ့အမြင်ဖြစ်လို့ ပြည့်စုံမှာမဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေမစိုးမိုးမှု၊ အဂတိလိုက်စားမှု အားနည်းချက်ကြီးကြောင့် ဆင်းရဲမွဲတေသူများကို ပညာပေးရမဲ့အစား ဒဏ်ငွေကြီးစွာရိုက်ပြီး ဆုံးမနေတဲ့ ပုံစံဖြစ်နေကြောင်း တင်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်မှာ ရိုက်နှက်ပစ်ခတ်ပြီး အုပ်ချုပ်တယ်။ အခု ဒီမိုကရေစီစနစ်မှာ ဒဏ်ငွေ၊ အဂတိငွေတွေနဲ့ အုပ်ချုပ်နေတာလည်း စာဖတ်သူများ သိပြီးသားဖြစ်ပါတယ်။ ထားပါတော့။
အခု ဆိုင်ကယ်၊ ကား အရှိန်မြှင့်မောင်းနှင်မှုကို ကြိုတင်ကာကွယ်ဖို့ ဒရိုင်ဘာပညာပေးခြင်း တနည်းသာရှိပါတယ်။ ယာဉ် ဟောင်းအိုတွေ ကားလမ်းမပေါ် တက်မောင်းခြင်းက ကာကွယ်ဖို့သိပ်မခက်ပေမဲ့ .. အရှိန်မြှင့်မောင်းခြင်းကို ကာကွယ်ဖို့ လူ တွေကို ထိရောက်စွာ ပညာပေးရပါမယ်။
၁။ ယာဉ်မောင်းသူကို လိုင်စင်ပထမ ၁ နှစ်အတွင်းမှာ ၆ လတကြိမ် မွမ်းမံသင်တန်းတက်ခိုင်းရပါမယ်။ အစိုးရက မလုပ်ပဲ ရပ် ရွာလေးစားသူတွေ ပါဝင်တဲ့အဖွဲ့အစည်း အနည်းဆုံး ၃ ခု၊ အများဆုံး ၁၀ခု ကိုဖွဲ့စည်းပြီး သင့်တင့်တဲ့ အခကြေးနဲ့ မွမ်းမံ သင်တန်းအောင် လက်မှတ်ထုတ်ပေးခြင်းလုပ်ရပါမယ်။
၂။ အရှိန်မြှင့်မောင်းနှင်ခြင်းကို လမ်းကော်မတီတွေ အစိုးရက ဖွဲ့ခွင့်ပေးပြီး မိမိလမ်းကို မိမိသာထိန်းဖို့၊ အာဏာရပြီး လူချဉ် ဖတ်မဖြစ်အောင် စည်းကမ်းထိန်းအဖွဲ့ကို လူလေးစားတဲ့ ကျောင်းဆရာများ၊ ကျောင်းသားအင်အားကို အသုံးချဖို့ ဖြစ်ပါ တယ်။
.
နိုင်ငံတကာမှာတော့ လူသေ၊ ဒဏ်ရာရတဲ့နေရာမှာ Fatal Accident ဆိုတဲ့ဆိုင်းဘုတ်နဲ့ လူထိခိုက်တဲ့ပုံ ဆိုင်းဘုတ်လေးကို တလလောက် မြင်သာအောင်ပြထားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလိုဆိုင်းဘုတ်ကလေး ထောင်ဖို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ လမ်းကော်မတီ၊ ယာဉ်ထိန်းရဲ၊ စည်ပင် တာဝန်ခံလုပ်ပေးမဲ့လူမရှိတော့ မနေသာတဲ့လူကပဲ အကုန်ကျခံ၊ လုပ်အားပေးများနဲ့ ပညာပေးရပါတယ်။ 


● နိဂုံး …
၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့မှာ အသက်၇၀ရှိတဲ့ အဖွားတယောက် လမ်းမဘေးမှာ လမ်းရှောက်နေတုန်း၊ အ ရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်တစီးက နောက်ကနေအရှိန်နဲ့ ဝင်တိုက်တော့ အဖွားခမြာ လွင့်သွားပြီး ဆေးရုံ ၆ လ တက် လိုက်ရပါတယ်။ အလွန်ကျန်းမာတဲ့ အဖွား၊ အသက်သေသင့်ပေမဲ့ မသေခဲ့ပါ။ ခြေတချောင်း စတီးချောင်းထည့်ထားရ ဒုက္ခိ တ ဖြစ်သွားပါပြီ။

ဆိုင်ကယ်အသစ်တစီးရရင်၊ ကားတစီးပေါ်တက်မောင်းရရင် အရှိန်မြှင့်မောင်းခြင်းက အလွန်သာယာတဲ့ အရသာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတယောက်ရဲ့ ချစ်လှစွာသော သားငယ်လေး ရန်ကုန်မှာ အလှစီးကားတစီး ဝယ်ပေးမိတာ အရှိန်မြှင့် မောင်းလို့ သေဆုံးသွားတဲ့ ရင်ကွဲစရာတွေ့ဖူးပါတယ်။ ခရစ်ယာန်တရားဟောဆရာကြီး ဦးတင်မောင်ထွန်းက မိဘတွေ သား သမီးကို အလိုမလိုက်ဖို့၊ သူငယ်စဉ်က ဖခင်ကြီးက ဆိုင်ကယ်ဝယ်ပေးမယ်လုပ်တာ မိခင်ကြီးက ကန့်ကွက်လို့ အမေကို တော်တော်စိတ်ဆိုးခဲ့ဖူးကြောင်း နားထောင်ခဲ့ဖူးပါတယ်။ ငယ်ရွယ်သူတင်မက အသက်ကြီးသူများလည်း ယာဉ်မောင်းရင် အရှိန်မြှင့်မောင်းလေ့ရှိပါတယ်။ စာရေးသူလဲ ၇၀ ကီလိုမီတာပဲ မောင်းရမဲ့နေရာ ၈၄ ကီလိုမောင်းလို့ နောက်က ရဲကားနဲ့ ဖမ်းခံရပြီး ဒဏ်ငွေဒေါ်လာ ၁၅၀၊ အမှတ် ၁၂ မှတ် ဒဏ်ထိဖူးပါတယ်။ နောက်တကြိမ်ဖြစ်ရင် ကားမောင်းလိုင်စင်ပိတ်ခံရမှာဆိုတော့ အလွန်သတိထားရပါတယ်။ စင်ကာပူ၊ အမေရိကားမှာ အဂတိမလိုက်စားတဲ့ ယာဉ်ထိန်းရဲများစွာ ရှိပါတယ်။ ထိုင်း၊ မလေးရှားမှာတော့ အဂတိယာဉ်ထိန်းရဲတွေများပါတယ်။ မြန်မာပြည်ကတော့ အဆိုးဆုံးပေါ့နော်။ ကားလမ်းပေါ်ထက်တာနဲ့ သတိ၊ မျက်စိနားဖွင့်ထား၊ မျက်စိဖွင့် တစက္ကန့် ဆုတောင်းနည်းကို လေ့ကျင့်ထားရပါတယ်။

အလာတူပဲ ဘုမသိ၊ ဘမသိနဲ့ လမ်းမပေါ်လျှောက်နေတဲ့ လူငယ်ကတော့ အရှိန်ပြင်းမောင်းလာတဲ့ယာဉ်ကို ရှောင်နိုင်ပေမဲ့ အသက်ရွယ်ကြီးတဲ့လူတွေ၊ ကလေးငယ်တွေကတော့ မလွယ်ပါ။ တနိုင်ငံလုံး ကွန်ကရစ်လမ်းတွေခင်းပေးတော့ ဆိုင်ကယ် တွေ တ၀ုန်းဝုန်းမောင်းလို့ကောင်း၊ ရမ်းလို့ကောင်းသလိုဖြစ်လို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကားမှောက်မှု၊ လူများစွာ သေကြေ ဒဏ်ရာရမှု၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်းခြင်းမှားက နိုင်ငံတော်ရဲ့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး မဟုတ်ပါလား ခင်ဗျား။


ဇော်အောင် (မုံရွာ)
ဧပြီ ၁၂၊ ၂၀၁၇

မိုးမခ၀က်ဆိုဒ်
http://moemaka.com/archives/57860

Monday, April 10, 2017

ဧရာဝတီတိုင်း ၀န်ကြီးချုပ်သို့ အကြံပြု တိုင်ကြားချက် (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇


ဧရာဝတီတိုင်း ၀န်ကြီးချုပ်သို့ အကြံပြု တိုင်ကြားချက်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇
ယာဉ်စည်းကမ်း တင်ပြချက်၊ ဝန်ကြီးချုပ်ဆီ တင်ဖို့ ..ကြံနေတုန်း ..ဝန်ကြီးချုပ် ယာဉ်မတော်တဆ နဲ့ ဆေးရုံရောက်သွားရှာပြီ။
ဒီတင်ပြစာ (တနည်း ..အကြံပြု တိုင်စာ) လိုအပ်တာတွေ ..စာလုံးပေါင်း၊ သဒ္ဒါကအစ ကူညီကြပါဦးခင်ဗျာ.။ ပုသိမ်ယာဉ်ထိန်းရဲကို လာဘ်ပေးနေရသူများစွာရဲ့ ကိုယ်စား တိုင်စာပို့ခြင်းဖြစ်ပါတယ်။



သို့
ဥက္ကဌ နှင့် အဖွဲ့ဝင်များ
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ ပုသိမ်။

အကြောင်းအရာ။ ယာဉ်စည်းကမ်းထိန်းသိမ်း လိုက်နာရေး ဒဏ်ငွေ ကျပ် ၃သောင်းကိစ္စ
ဧရာဝတီတိုင်း ပုသိမ်မြို့သည် တိုင်းဒေသကြီးအဓိကမြို့ကြီးဖြစ်ပြီး၊ လမ်းစည်းကမ်းထိန်းသိမ်းမှုများကို နိုင်ငံသားတစ်ဦးအဖြစ် လေ့လာသုံးသပ်ပါသည်။ ယခုနှစ်သစ် ၇၊ ၁၊ ၂၀၁၇ ပုသိမ်-ရန်ကုန် ဆားမလောက် ယာဉ်မတော်တဆမှုကြောင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ထိခိုက်မှု ဖြစ်ခဲ့သည်။ ပုသိမ်မြို့ပတ်ဝန်းကျင်တွင် ယာဉ်တိုက်မှုများနှင့် ကားလမ်းကြပ်ခြင်းတို့အပြင် မိမိကိုယ်တိုင် မကြာခဏ ယာဉ်ထိန်းရဲမှ စစ်ဆေးဖမ်းဆီးခံ အချိန်ကုန် လူပင်ပမ်း ဖြစ်ရပ်များမှ အနည်းငယ်ဖြစ်စေ လွတ်မြောက်လိုသဖြင့် အကြံ့ပုစာရေးရခြင်းဖြစ်ပါသည်။


လက်ရှိလုပ်ဆောင်ချက်များ
၁။ မော်တော်ဆိုင်ကယ်များ၊ ကားကြီးငယ်များကို လိုင်စင်ဖြင့်မောင်းနှင့်ရန် ကြပ်မတ်ခြင်း။
၂။ မြို့တွင်းလမ်းဆုံများတွင် ယာဉ်ထိန်းရဲများ နေ့အချိန် နေရာချ၊ ဖမ်းဆီး အရေးယူစေခြင်း။
၃။ ယာဉ်စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ငွေအနည်းဆုံး ကျပ်၃သောင်းဆောင်စေခြင်း။

အခန်း(၁)ယခုတင်ပြချက်တွင် နံပါတ်(၃)အချက် ဒဏ်ငွေကျပ်၃သောင်းကိစ္စကို အထူး တင်ပြပါမည်။ လူများကို အခြေခံလစာမှာ တရက် ကျပ်၃၆၀၀ ဖြစ်သောကြောင့် ကျပ် ၃ သောင်းဒဏ်ငွေမှာ ကမ္ဘာ့စံနှုန်းနှင့်ယှဉ်ကြည့်ပါက အလွန် များပြားလှသည်။ ရန်ကုန်မြို့လို ဝင်ငွေကောင်းပါက ယာဉ်မောင်းသည် ပေးဆောင်နိုင်သော်လည်း ပုသိမ်နှင့် နယ်မြို့များတွင် အလွန်ကြီးမြင့်သော ဒဏ်ကြေးဖြစ်ပြီး လဘက်ရည်ဖိုးပေးသော စရိုက်ဆိုးကြီးကို ယာဉ်ထိန်းရဲ ဝန်ထမ်းသစ်များ မလုပ်ချင်ပဲ လုပ်နေရပါသည်။
ပြသနာမှာ ယာဉ်မောင်းများ စည်းကမ်းလိုက်နာရေး ဖြစ်သောကြောင့် ကြီးလေးသောဒဏ်မဟုတ်ပဲ ပညာပေးခြင်းဖြင့် လုပ်ဆောင်နိုင်ရန် အထောက်ကူပြု တင်ပြချက်ဖြစ်ပါသည်။
(နိဂုံး – စာမျက်နှာ-၉ ဖြစ်ပါသည်)။


အခန်း (၂)
လက်ရှိအခြေအနေ
၂.၁ ။ မော်တော်ဆိုင်ကယ်များ၊ ကားကြီးငယ်များကို လိုင်စင်ဖြင့် မောင်းနှင်ရန်ကြပ်မတ်ခြင်း။ မြို့နယ်အဆင့် ကော်မတီဖွဲ့ထားပြီး စည်ပင်၊ ကညန၊ အစိုးရအဖွဲ့များက အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးကြသည်ဟု သိရသည်။ အပတ်စဉ် အစိုးရအဖွဲ့တွေ့ဆုံခြင်းများတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးသည် အရေးကြီးပါသည်။
၂.၂ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း။ 
ကညန မှာ မော်တော်ဆိုင်ကယ်၊ ကားလေး၊ ကားကြီး လိုင်စဉ်များကို သင်တန်းပေး၊ စစ်ဆေး၊ ထုတ်ပေး၊ လိုင်စဉ်သက်တမ်းတိုး ပြုလုပ်ပေးနေပါသည်။ ယာဉ်မောင်းသူသည် အလွန်အရေးကြီးသဖြင့် ကညန လိုင်စင်မရှိသော ယာဉ်နှင့်လူများ မောင်းနှင်ပါက ကြီးလေးစွာ ဒဏ်ငွေဆောင်သည်ဟု သိရသည်။
၂.၃ လေ့လာသုံးသပ်ချက်။ ကားမောင်းလိုင်စင်မှာ ရရှိဖို့ခက်ခဲသော်လည်း မော်တော်ဆိုင်ကယ်လိုင်စင်ကို လွယ်ကူမြန်ဆန်စွာ ထုတ်ပေးသင့်ပါသည်။ ကုန်ကျငွေ ကျပ်တသောင်းခန့်ဖြင့် သင်တန်း တရက် (စာတွေ့၊ လက်တွေ့) စစ်ဆေးပြီး အောင်မြင်သူများကို ထုတ်ပေးသင့်သည်။ ကညန တင်ဒါအောင်သောအဖွဲ့  ၃ ခုထံ ကန်ထရိုက်ပေးပြီး၊ ရရှိငွေကို ဒေသအကျိုးအတွက် အသုံးပြုနိုင်သည်။

၂.၄ မော်တော်ဆိုင်ကယ်များ လိုင်စင်စစ်ဆေးခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ လူ၃ယောက်တင်ခြင်း စသည်တို့ကို စစ်ဆေးဖမ်းဆီးနေပါသည်။ 
လေ့လာသုံးသပ်ချက်။ ။ ဒဏ်ငွေမှာ အလွန်ကြီးလေးသဖြင့် တမင်စောင့်ဖမ်းသကဲ့သည့် စရိုက်ဆိုးများ ဖြစ်နေသည်မှာ တနိုင်ငံလုံးအဆင့်ဖြစ်သည်။ ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြရမည် ဖြစ်သည်။ အထူးသဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပြီး လိုင်စင်ပိတ်ခြင်းများကို အမှန်တကယ်လုပ်ရပါမည်။ အထူးသဖြင့် မော်တော်ဆိုင်ကယ် ထိခိုက်သေကြေ၊ ဒဏ်ရာရမှုများကို လေ့လာပါက
– ယာဉ်မောင်းသူ စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်း
– ယာဉ်ချို့ယွင်းခြင်း
– လိုက်ပါစီးနင်းသူများ ဦးထုပ်မဆောင်းခြင်း တို့ဖြစ်သည်။
ယာဉ်မောင်းသူ စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည်။ ကျန်၂ချက်မှာ ဖမ်းဆီးသူ ယာဉ်ထိန်းရဲများ အဂတိလိုက်စားရန် တမင် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။ မော်တော်ဆိုင်ကယ်ကို ဖြေးညှင်းစွာ တနာရီ ၁၅ ကီလိုမီတာဖြင့် မြို့တွင်းမောင်းနှင်စဉ် ယာဉ် ၂ စီးတိုက်မိပါက ၃ယောက်စီး၊ ဦးထုပ်မပါသော်လည်း စီးနင်းသူများ ပွန်းပဲ့ရုံသာရှိပါမည်။ လမ်းဘေး အသက်ရွယ်ကြီးသူများကို တိုက်မိလျှင်ပင် တနာရီ ၁၅ ကီလိုမီတာနှုန်း မော်တော်ဆိုင်ကယ်၏ အရှိန်သည် အသက်သေစေသည်အထိ မဖြစ်နိုင်ပါ။

၂.၄ ထို့ကြောင့် အဓိက အချက်သည် စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်းဖြစ်ပြီး ထိုအချက်ကိုသာ ကိုင်တွယ်ရန်။
 ထိခိုက်သေဆုံး ဒဏ်ရာရမှုများ အလွန်ကျဆင်းသည့်အပြင်၊ ယာဉ်ထိန်းအဖွဲ့များ၊ တရားရုံးများ အ ဂတိတိုက်ဖျက်ရေးကိုလည်း ကြီးစွာအကျိုးပြုမည် ဖြစ်ပါသည်။ မလိုအပ်သော ဦးထုပ်မပါ၊ လူ ၃ယောက်စီး၊ လိုင်စင်စစ်ဆေး စသည်လုပ်ငန်းများထက် စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်းကိုသာ ယာဉ်ထိန်းရဲများက ဖမ်းဆီးခြင်းလုပ်သင့်ပါသည်။
ပုသိမ်မြို့တွင်း လမ်းကော်မတီများမှ ပြည်သူရန်ပုံငွေဖြင့် လစာ တလ ၁သိန်ခန့်ဖြင့် ခန့်ထားသော လမ်းလုံခြုံရေးများဖြင့် မိမိလမ်းတွင်း စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်းသော မော်တော်ဆိုင်ကယ်၊ ကားလေး၊ ကားကြီးများကို နေ့အချိန် ထိန်းသိမ်းပေးခြင်းကို ကညန နှင့် ယာဉ်ထိန်းရဲအဖွဲ့က ခွင့်ပြုအောင် အစိုးရအဖွဲ့မှ ကြိုးစားရပါမည်။ ကျေးလက်မြို့ပြင်များတွင် လုပ်ရန် မလွယ်သေးသော်လည်း မြို့တွင်းပြည်သူလူထုမှာ ရန်ပုံငွေကောက်ခံရန် လုပ်ငန်းရှင်များ ကူညီမည်ဖြစ်သောသည်။

၂.၅ အကြံပြုတင်ပြခြင်း။ လမ်းလုံခြုံရေးများ ခန့်ထားပြီး ယာဉ်မောင်းသူ စည်းကမ်းမဲ့စွာ၊ အရှိန်ပြင်းစွာမောင်းခြင်းကို လမ်းရံပုံငွေအဖြစ် ဒဏ်ငွေပေးဆောင်စေသင့်သည်။ မလိုက်နာ မနာခံသူများကို ယာဉ်စည်းကမ်းထိန်းကော်မတီသို့ လိုင်စင်မှတ်တမ်းများဖြင့် တင်ပြအရေးယူရပါမည်။


အခန်း(၃)
မြို့တွင်းလမ်းဆုံများတွင် ယာဉ်ထိန်းရဲများ နေ့အချိန် နေရာချ၊ ဖမ်းဆီးအရေးယူစေခြင်း အမှတ်(၂) နှင့် ယာဉ်စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ငွေအနည်းဆုံး ကျပ်၃သောင်းဆောင်စေခြင်း အမှတ်(၃) အချက်များ
၃.၁။ အဆိုပါ လုပ်ဆောင်ဆောင်ရွက်ခြင်းတွင် ဒဏ်ငွေအနည်းဆုံး ကျပ် ၃သောင်း ဆောင်စေခြင်း တို့မှာ အဂတိမရှိအောင် အကြံပြုတင်ပြခြင်းနှင့် ဆက်စပ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်သည် မှန်သော်လည်း အဂတိလိုက်စားမှု ကြီးစွာဖြစ်စေသောကြောင့် အထူးသဖြင့် မရှိဆင်းရဲသား ဧရာဝတီတိုင်းသားများ ပုသိမ်မြို့သို့ ခဏရောက်လာသော ဧည့်သည်များအတွက် မှတပါးအခြားလမ်းမရှိ အဂတိ လဘက်ရည်ဖိုးပေးနည်းသာ ရှိနေပါသည်။ ထို့ကြောင့် ထို အမှတ်(၂)၊ အမှတ်(၃) ကို တင်းကြပ်စွာလုပ်ဆောင်ခြင်းသည် ယာဉ်မောင်းများ ယာဉ်စည်းကမ်းလိုက်နာရေးအတွက် အကျိုးကျေးဇူးထက် အဆိုးဖက် ပိုများပါသည်။
၃.၂။ အကြံပြုခြင်း။
မရှိဆင်းရဲ၊ ပညာနည်းပါးသူများကို တမင် အာဏာဖြင့် အနိုင်ကျင့် ဒဏ်ရိုက်သလို ဖြစ်နေသောကြောင့် ပြန်လည်သုံးသပ် ဒဏ်ငွေလျှောချခြင်း – ဥပမာ ပထမအကြိမ် ၅ထောင်ကျပ်၊ ဒုတိယအကြိမ်း ၃သောင်းကျပ်၊ တတိယအကြိမ် ကျပ်၅သောင်းနှင့် လိုင်စင်ပိတ် စသဖြင့် လုပ်ဆောင်သင့်ပါသည်။
အဂတိနည်းပါးအောင် လုပ်ဆောင်ခြင်းကို ဆက်ပါမည်။


အခန်း (၄)
အဂတိနည်းပါးအောင် လုပ်ဆောင်ခြင်း
ထိုပြသနာသည် တနိုင်ငံလုံး ဆင်းရဲမွဲတေမှု လစာမလုံလောက်မှု၊ တရားဥပဒေမစိုးမိုးမှုများကြောင့် နက်နဲခက်ခဲလှပါသည်။ သို့ရာတွင် ပုသိမ်မြို့တွင်း ယာဉ်များ စည်းကမ်းရှိရေး၊ ထိခိုက်သေကြေဒဏ်ရရမှု နည်းပါးစေရေးအတွက် အဂတိနည်းပါးစွာ လုပ်ဆောင်ဖို့ အစိုးရအဖွဲ့က ကြိုးစားအားထုတ်နေသည်ကို ကျေးဇူးအထူးတင်ပါသည်။
ပုသိမ်မြို့တွင် နေ့အချိန် ယာဉ်ကြပ်တည်းခြင်းသာ ရှိပြီး စည်းကမ်းမဲ့မောင်းမှုကြောင့် ထိခိုက်သေကြေမှုမှာ မရှိသလောက် ရှားပါးလှပါသည်။
နိုင်ငံတော်က သတ်မှတ်သည့်အတိုင်း အဂတိလိုက်စားမှုကို လူအမည်နှင့် အတိအကျ တိုင်တန်းစေလိုပါက ပုသိမ်မြို့တွင် တာဝန်ချထားသော ယာဉ်ထိန်းရဲ ၉၀% သည် လဘက်ရည်ဖိုးကို နည်းမျိုးစုံဖြင့် ပေးချင်လာအောင် ပြောဆိုရယူနေသည်မှာ အားလုံးသိပြီးသားဖြစ်သည်။ ထိုသို့ လဘက်ရည်ဖိုး အလွန်ကျွံ တောင်းခြင်းမှာ ဥပဒေအားနည်းခြင်းကို လက်တလုံးခြား၊ ပွင့်လင်းစွာ အဂတိလိုက်စားခြင်းဖြစ်သည်။ သာမန်ပြည်သူလူထုတစ်ဦး မည်သူမျှ တင်ပြတိုင်မည်မဟုတ်သောကြောင့် မိမိတင်ပြရပါသည်။


အခန်း(၅)
အကြံပြုခြင်း နည်းလမ်း(၃)ခု။
အဂတိနည်းပါးပြီး မြို့တွင်း၊ မြို့ပြင် ယာဉ်စည်းကမ်းကောင်းလာအောင် လက်ရှိလုပ်ဆောင်နေမှု၊ သင်တန်းပေးခြင်း၊ ပညာပေးခြင်း၊ အရေးယူ ဒဏ်ငွေပေးဆောင်စေခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်းများသည် ကောင်းမွန်သောလုပ်ရပ်များဖြစ်သည်။ သို့သော် တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးပါသည်။ စစ်ဆေးခြင်း၊ အရေးယူခြင်းကို ကောက်ရိုးမီးကဲ့သို့မဟုတ်ပဲ ဆောင်ရွက်ရန် လူ၊ ငွေ၊ ပစ္စည်းအင်အား ရှိစေချင်ပါသည်။ အောက်ပါ (၃)ချက်ကို တင်ပြပါသည်။
နည်းလမ်း(၁) ။ ယာဉ်စည်းကမ်းဖောက်သူများ မှတ်တမ်းအမှန်ရှိရမည်။ တနည်း ကွန်ပြူတာမှတ်တမ်းရှိရမည်။ ပထမအကြိမ် ပညာပေး (ဒဏ်ငွေ၅ထောင်ကျပ် – တနေ့ လုပ်အားခ)၊ ဒုတိယကြိမ် ( ဒဏ်ငွေ ၃သောင်းနှင့် အထက်)၊ တတိယအကြိမ် လိုင်စင်ပိတ်သိမ်းခြင်း … မှတ်တမ်းဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ လမ်းပြောင်းပြန် မောင်းနှင်မှုကြောင့် ပထမအကြိမ်ပင် ဒဏ်ငွေ၃သောင်း နှင့် လိုင်စင်၁နှစ် ပိတ်ခံရမည် ဆိုပါက အလွန်မတရားစွာ စီရင်ခံရသကဲ့သို့ ဖြစ်မည်။ ထိုအခါ လိုင်စင်ပိတ်ခြင်း မခံရရန် အဂတိ (လာဘ်ပေးခြင်း) လုပ်ကို လုပ်ရတော့မည်ဖြစ်သည်။
နည်းလမ်း(၂)။
မို့တွင်းလမ်းဆုံများတွင် ယာဉ်ထိန်းရဲချည်း မထားပဲ လမ်ကော်မတီ ရပ်ကွက်မှ ခန့်ထားသော လခစား လုံခြုံရေးကို ထည့်ပေးထားရပါမည်။ ယာဉ်ထိန်းရဲ နှင့် လမ်းလုံခြုံရေးတို့သည် လမ်းဆုံများတွင် ပုံသေမဟုတ်ပဲ နေရာချထားရမည်။ ဓါတ်ပုံရိုက် တိုင်တန်းခြင်းခံရပါက ပညာပေးခြင်း၊ ဒဏ်ငွေဆောင်စေခြင်း နှင့် အလုပ်ထုတ်ခြင်း စသဖြင့် အရေးယူရပါမည်။ ဝန်ထမ်းကို ဌာနပြောင်းခြင်းသည် ပြင်းထန်သော အရေးယူခြင်း တခု ဖြစ်သော်လည်း အလုပ်ထုတ်ခြင်း၊ ထောင် ရက်တိုကျခြင်း (ဥပမာ ၃ရက်) သို့မဟုတ် လုပ်အားပေးစခန်းတွင် သန့်ရှင်းရေးလုပ်စေခြင်း စသည်တို့သည်လည်း နိုင်ငံတကာ စံနှုန်း ဝန်ထမ်းအပြစ်ပေးခြင်းများဖြစ်သည်။ ပုသိမ်မြို့နှင့် သင့်လျှော်သည့် ဒဏ်ပေးခြင်းကို ထိရောက်စွာ လုပ်ဆောင်သင့်ပါသည်။
လမ်းဆုံများတွင် ယာဉ်စည်းကမ်းထိန်းဝန်ထမ်း အလှည့်ကျရွှေ့ပြောင်းနည်းဖြင့် နေရာချ၊ ဖမ်းဆီးအရေးယူစေခြင်းကို အချိန်အတိကျဖြင့် လုပ်ရပါမည်။
ဖမ်းချင်တဲ့အချိန် လာဖမ်းသလို တမင်စောင့်ဖမ်းသောနည်းလမ်းကို မလုပ်ရန်လိုသည်။
(ကိုးကားချက်။ ဆရာအောင်သင်းပြောသော စစ်မြေပြင်ခွေးသင်တန်း)
နည်းလမ်း(၃)ယာဉ်ထိန်းရဲ ဝန်ထမ်းများအတွက် တရားဝင် ဒဏ်ကြေးငွေများကို ဆုကြေးအဖြစ် ခွဲဝေပေးခြင်းကို မြို့နယ်အစိုးရမှာ ဆောင်ရွက်ပေးရမည်။ လစာ တသိန်းခွဲကျပ် မှာ မလုံလောက်ပါက နောက်ထပ် ၁သိန်းခန့် ရအောင် အစိုးရအဖွဲ့က ရန်ပုံငွေ ဖန်တီးပေးရမည်။ လဘက်ရည်တခွက် နည်းလမ်းဖြင့် ဦးထုပ်မပါ၊ လူ၃ယောက်တင်၊ လိုင်စင်မေ့နေသူ လမ်းကြောမှားမောင်းခြင်း စသည့် စည်းကမ်းဖောက်ဖျက်သူများကို တယောက် ကျပ် ၃ထောင် စသဖြင့် လမ်းဆုံတိုင်းမှာ ပုန်းတခုဖြင့် အလှုထည့်စေပါက လုံလောက်သော ငွေကြေးရမည်ဖြစ်သည်။ ထိုစနစ်သည် ပုသိမ်မြို့လည် လမ်းများတွင်သာ ကျင့်သုံးရန် အကြံပြုပါသည်။
ယခုအခါ ဘဏ်လုပ်ငန်း တိုးတက်လာပြီဖြစ်သည်။ ဒဏ်ကြေးကို ချလမ်ရေးပေးပြီး .. ကျူးးလွန်သူက ဘဏ်အကောင့်ထဲ သွားထည့်ပေး၊ လွယ်လွယ်လေးဖြစ်သည်။
သို့သော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနသို့ ဘဏ်မှ ငွေလက်ခံဖြတ်ပိုင်းသွားပေးလိုက်လျှင် အလွယ်လေးကို ချလမ်၊ စာအုပ်စနစ်ဖြင့် manual system တနိုင်ငံလုံးကျင့်သုံးနေဆဲဖြစ်သည်ကို နားမလည်နိုင်ပါ။
ယခုအခါ ယာဉ်ထိန်းရဲများသည် လဘက်ရည်ဖိုးကို လူများစွာရှေ့တွင်ပင်လျှင် အတင့်ရဲစွာ ယူနေခြင်းသည် အလွန်ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ လုပ်အားပေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် လမ်းကော်မတီများအတွက် သင့်တင့်သောနေ့တွက်စရိတ် ပေးရမည်ဖြစ်သည်။


အခန်း(၆)။
ပညာပေးခြင်း 

ယာဉ်မောင်းနှင့်ပြည်သူလူထုကို သင်တန်းပေးခြင်း၊ ပညာပေးခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုများသာ အထိရောက်ဆုံး တတ်နိုင်ပါသည်။
၅.၁။ ယာဉ်စာရင်း ကောက်ခြင်း။
ယခုအခါ ရန်ကုန်တွင် မိမိလမ်းအတွင်းရှိ ယာဉ်များကို အုပ်ချုပ်ရေးမှုးများက စာရင်းကောက်နေကြသည်။ အလားတူ ပုသိမ်လမ်းကော်မတီဝင်များသည် ယာဉ်စာရင်းကောက်ခြင်းမှာ ရန်ကုန်မြို့ထက် ပိုပြီးလွယ်ပါသည်။ လူ၂ယောက် လမ်းတွင်းရှိ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများကို စာရင်းကောက်ပါက အချိန်တိုတွင်း ပြီးစီးပါသည်။
၅.၂။ သင်တန်းပေးခြင်း။
ထိုယာဉ်ပိုင်ရှင်များ၊ မောင်းနှင်သူများကို တလတကြိမ် ပညာပေးခြင်း သင်တန်းများလုပ်ရန်ဖြစ်သည်။ ကညန မှ လစဉ် သင်တန်းပေးခြင်းကို မလုပ်ဆောင်နိုင်ပါက၊ တင်ဒါခေါ်ပြီး ၃ဖွဲ့ ကညန မှစီစစ်လုပ်ဆောင်ရန်ဖြစ်သည်။ သင်တန်းကြေး ကျပ်တထောင်ဖြစ်စေ တလ တနာရီ ယာဉ်မောင်းအားသစ်လောင်းသင်တန်းများ (Vehicle Refresher Course) ပေးရန်စဉ်းစားသင့်ပါသည်။
ပြသနာတိုင်းတွင် လူသည် အဓိကကျပါသည်။ လူကို သင်တန်းပေးခြင်းနည်းလမ်းဖြင့်သာ အရည်အသွေး မြှင့်တင်ပေးနိုင်သောကြောင့် ယာဉ်မောင်းများအတွေ လစဉ် တနာရီသင်တန်းများ ရပ်ကွက်တိုင်း လစဉ်လုပ်သင့်ပါသည်။
အကယ် ၍ ယာဉ်စည်းကမ်းထိမ်းသိမ်းရေး ကော်မတီမှ ဝန်ထမ်းအင်အားဖြင့် မလုပ်နိုင်ပါက ပုဂ္ဂက အဖွဲ့များအား ကညန ယာဉ်ထိန်းရဲ တို့မှ သင်တန်းပေးပြီး တင်ဒါခေါ်လုပ်ဆောင်စေနိုင်ပါသည်။
၅.၃။ ပညာပေးခြင်း
ယာဉ်မတော်တဆ ဖြစ်ခြင်းများတွင် ယာဉ်မောင်းသည် အရေးကြီးဆုံးဖြစ်သော်လည်း လမ်းမပေါ် စည်းကမ်းမဲ့လမ်းလျှောက်၊ စက်ဘီးစီး၊ ပစ္စည်းသယ်၊ ဈေးရောင်းသည့် လူများလည်း ပညာပေးရန်လိုပါသည်။ ယာဉ်မောင်းများကို သင်တန်းကြေးဖြင့် ပညာပေးနိုင်သော်လည်း ပြည်သူလူထု ယာဉ်/လမ်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခမဲ့ ပညာပေးခြင်းများ လုပ်ရန်လိုပါသည်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အစိုးရဝန်ထမ်း (သို့မဟုတ်) လုပ်အားပေးသူ အခက်ခဲရှိပါက သင်တန်းတင်ဒါရထားသူများကို အစိုးရဘတ်ဂျတ်ဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို လုပ်ဆောင်စေနိုင်ပါသည်။


အခန်း(၇)
ဆရာအောင်သင်း (ကွယ်လွန်)ပြောသော စစ်မြေပြင်ခွေးသင်တန်း
ယခု ယာဉ်စည်းကမ်းထိမ်းသိမ်းရေးတွင် တရားဥပဒေစိုးမိုးမှု အားကောင်းပြီး၊ အဂတိနည်းအောင် စစ်မြေပြင်ခွေးသင်တန်း ဖြစ့် အဆုံးသပ်လိုပါသည်။ အကျဉ်းချုပ်ရေးပါက …
ဆရာအောင်သင်း သူငယ်ချင်း စစ်ခွေးသင်တန်းကျောင်းအုပ် ဗိုလ်မှုးထံအလည်ရောက်သွားချိန် အယ်ဇေးရှင်းမျိုးရိုး စစ်ခွေးမများ ခွေးထိန်းပြောစကားကို တသွေမတိမ်း လိုက်နာ၊ ခုန်အုပ်၊ ကိုက်ဖြတ်၊ ရပ်တန့် အမိန့်နာခံသည်ကို အံ့သြဘွယ်မြင်ရသည်။ သူငယ်ချင်းသင်တန်းမှုးကို “မြန်မာခွေးမျိုးတွေ သင်ပေးလို့ရနိုင်မလား” ဟုမေးသောအခါ ” ဟာ.. ရတာပေါ့၊ မြန်မာခွေးက ပိုတောင် တတ်လွယ်သေးတယ်” ..လို့ဖြေပါတယ်။ “ဒါဆို မြန်မာခွေးတွေကို ဘာလို့မသုံးသလဲ”.. မေးတော့ .. ” အင်း မြန်မာခွေးက စိတ်မပါရင် ခိုင်းတာမလုပ်ဘူး..ဗျ။ ကျနော်တို့စစ်မြေပြင်မှာ ဒါမျိုးမရဘူးလေ”… လို့ ဖြေရှာပါသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေး သင်တန်းများ၊ ပညာပေးခြင်းများ၊ ဝန်ထမ်းများအဂတိနည်းပါးရေး များသည် စည်းကမ်းများ ထုတ်လေလေ ထိုစည်းကမ်းအပေါ် ဥပဒေလက်တလုံးခြား လုပ်စားမှုများ ပေါ်ပေါက်လေလေဖြစ်ပါသည်။ ယခု ထိုစရိုက်ဆိုးများ ပြောင်းလဲချိန်တန်ပြီ။ လမ်းလုံခြုံရေးဝန်ထမ်း (သို့မဟုတ်) လုပ်အားပေးကို တာဝန်ပေးပါက ထိုသူသည် အာဏာအလွဲသုံးချင်လာသည်။ သို့သော် စည်းကမ်းကို လိုက်နာကျင့်သုံး အရေးယူရခြင်းမှာ လူများသာဖြစ်သဖြင့် ဗဟိုမှချပေးသော ဥပဒေများကို ဌာနခြင်းလွှဲချခြင်းဖြင့် ပြည်သူလူထုမှာ အလွန်နစ်နာ၊ အလုပ်ရှုပ်ရပါသည်။
ISO ဆိုသည်မှာ ပြောတာ၊ လုပ်တာ၊ မှတ်တမ်းရှိရန်သာမက ပြောသမျှ လုပ်သမျှကို အချိန်ကာလ၊ဒေသအရ ပြန်လည်ပြင်ဆင်ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့ထဲ ကားခါးပတ် မပတ်သူတိုင်း ဖမ်းဆီးနေလျှင်လဲ အလုပ်ရှုပ်မည်။ လိပ်ကဲ့သို့ကားမောင်းရသော ရန်ကုန်မြို့တွင်း ကားခါးပတ်မလိုသော်လည်း အဝေးပြေးလမ်းများတွင် လိုအပ်သည်။ ဥပမာ လိုင်စင်မဲ့များကို အရေးယူမည် ဆိုပါက တနေ့လုံး စစ်ဆေးအရေးမယူနိုင်လျှင် တနေ့ တစ်နေရာ တစ်နာရီ အချိန်မှန်လှည့်လည် စောင့်ကြည့် အရေးယူဖမ်းဆီး ဒဏ်ရိုက်ရန်ဖြစ်သည်။
စိတ်ပါမှ ထွက်စစ်ခြင်း၊ စိတ်မပါလျှင် မစစ်ဆေးခြင်းများမှာ မြန်မာခွေး စရိုက်ဖြစ်သည်။ ပြုပြင်ရန်ခက်ခဲသော်လည်း ပြုပြင်နိုင်ပါသည်။


နိဂုံး (တင်ပြချက်)
ပထမအကြိမ် ဦးထုပ်မဆောင်း၊ လိုင်စင်မပါ အမှုများကို ဒဏ်ငွေ ၅ထောင်ခန့်သာ (ပုဂ္ဂလိကဘဏ် အကောင့်တခုသို့ ငွေသွင်းစေခြင်း) ပေးဆောင်စေပြီး၊ မှတ်တမ်းများ ထားပေးခြင်း၊ ပညာပေးခြင်းများ စဉ်ဆက်မပြတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုများနှင့် လုပ်ဆောင်သွားရန် အကြံပြု တင်ပြပါသည်။
လေးစားစွာဖြင့်
ဦးဇော်အောင်
+++++
xxxxxxx
(ကိုယ်ရေးအကျဉ်း – ပူးတွဲတင်ပြပါသည်)။
မိတ္တူဖြန့်ဝေခြင်း
၁။ ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသအစိုးရ။
၂။ ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ လမ်းပန်းဆက်သွယ်ရေးဌာန။
၃။ ဝန်ကြီး၊ ကရင်ရေးရာဌာန
၎။ ပုသိမ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၂ဦး။
၅။ ညွန်ကြားရေးမှု (အကြီးကဲ)၊ က.ည.န နှင့် ယာဉ်ထိန်းရဲအဖွဲ့၊ ပုသိမ်မြို့နယ်။
၆။ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ပုသိမ်မြို့နယ်။

ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်


ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆
ဒီနေ့ တော့ ကားကရိန်း မဲပေါက်သွားပါတယ်။
မနက် ၁၀ နာရီခွဲလောက် လမ်း ၅၀ အိမ်က မနက်စာစားပြီး ချိန်းထားတဲ့ ဗဟန်းမြို့နယ်သွားဖို့ ကားရပ်ထားတဲ့နေရာသွားတယ်။ ကားရှာလို့ မတွေ့တော့ပါ။ ဒီနေရာပြောင်းလာတာလည်း ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ပထမ နေရာများမှားထားသလား သေချာစဉ်းစားတယ်။ နေရာမမှားဘူး သေချာတော့ ကားခိုးခံရပီလား စိုးရိမ်တယ်။ ကားသူခိုး မြန်မာနိုင်ငံအထူးသဖြင့် ရန်ကုန်မှာ အလွန်ရှားပါးတာကြောင့် မဖြစ်နိုင်ဘူး၊ ဧကန္တတော့ ကားကရိန်းနဲ့ ဆွဲသွားခံရနိုင်တယ်ဆိုပြီး ကားရပ်ထားတဲ့ အနောရထာလမ်းနဲ့လမ်း၅၀ ထောင့်ကို ကားမရပ်ရဆိုင်းဘုတ်များမမြင်မိလို့လား၊ သေချာရှာတော့လည်း ကားမရပ်ရ ဆိုင်းဘုတ်ရေးမထားပါ။ လမ်းဘေးလက်ဖက်ရည်ဆိုင် မိတ်ဆွေကို မေးမြန်းကြည့်တော့ လွန်ခဲ့တဲ့နာရီဝက်က ကျနော့်ကားကို ကားကရိန်းနဲ့ဆွဲသွားခံရတာ သူတို့မြင်တာတွေ ပြောပြပါတယ်။

ယာဉ်ထိန်းရဲက စည်းကမ်းမဲ့ရပ်ထားတဲ့ ကားကိုကရိန်းနဲ့ ဆွဲမယ် ဆုံးဖြတ်ရင် စည်ပင်ကို အကြောင်းကြားတယ်။ စည်ပင်က သူတို့ကားကရိန်း ကုမ္ပဏီကို လှမ်းခေါ်ပြီး မြေနီကုန်း၊ ရှင်စောပုလမ်းက ကားကုမ္ပဏီဆီကို ဆွဲယူသွားပါလေရော။ ရန်ကုန်မှာ ကားကရိန်းကုမ္ပဏီ တခုပဲရှိပြီး တနေ့ကို ကားအစီး ၃၀ လောက် မဲဖောက်ခံရတယ်လို့ သိရပါတယ်။ ကားကရိန်းကုမ္ပဏီ ဝန်ထမ်းနဲ့ စကားပြောကြည့်တော့ လမ်းဘေးရပ်တဲ့ကားတိုင်း ဖမ်းပြီး ကရန်းနဲ့ ဆွဲသွားနိုင်တယ်။ လွန်ခဲ့တဲ့ (၂) နှစ် ကတည်းက စည်းကမ်းထုတ်ထားတာ အထူးသဖြင့် ရန်ကုန်မြို့တွင်း လမ်းမကြီးများမှာ ကားမရပ်ရ ဖြူနီဝါနေရာပေါင်း ၁၄၀ ကျော် ရှိတယ်။ အားလုံးသာ လိုက်ဖမ်းနေရင်မဖြစ်တော့ မဲပေါက်တဲ့ကားတွေပဲ ဆွဲသွားရပါတယ်လို့ ပြောပါတယ်။

ကားကရိန်းကုမ္ပဏီမှာ ဆွဲသွားခ ကျပ် ၅ သောင်း ပေးလိုက်ရတယ်။ တနာရီ ၂၀၀ ကျပ်နဲ့ ၆ နာရီ ဖမ်းထားခံရတဲ့ကားအတွက် ကျပ် ၁၂၀၀ ပေးလိုက်ရတယ်။ ပြီးတော့ ပုဇွန်တောင်မြို့နယ် စည်ပင်ဌာနမှာ ဒဏ်ငွေ ကျပ် ၂ သောင်းကျော် သွားဆောင်ရမယ်လို့ပြောပါတယ်။ တကယ်တော့ ဒဏ်ငွေဆောင်ပြီးမှ ကားပြန်ယူခွင့်ရှိပေမဲ့ လျော့ပေါ့တဲ့အနေနဲ့ ကားအရင်ယူခွင့်ပေးပါတယ်လို့ ရှင်းပြပါတယ်။
ကားကရိန်း ဆွဲသွားခံရတာ သိသိချင်း လမ်း ၅၀ ယာဉ်ထိန်းရဲစခန်းကို စုံစမ်းပါတယ်။ ယာဉ်ထိန်းရဲဌာန ရဲဝန်ထမ်း ၃ ယောက်လောက် မေးမြန်းပြီးမှ ထမင်းစားနေတဲ့ တာဝန်မှူးဆီ ရောက်သွားပြီး ရှင်းပြပါ တယ်။ ဘာကြောင့် ယာဉ်မရပ်ရ။ ရပ်လျှင် ကားကရိန်းဖြင့်ဆွဲသွားခံရမည်။ ဒဏ်ငွေ ၇ သောင်း.. ဆိုတဲ့ ဆိုင်းဘုတ်တော့ ရေးထားသင့်တယ်။ ဘာမှရေးမထားလို့ပြီးတော့ ကျနော်က ဒီလမ်းကိုရောက်တာ မကြာသေးဘူး၊ ဆိုင်းဘုတ်မတွေ့လို့ ကားရပ်ရင်ရတယ် ထင်မိတယ်။ ရန်ကုန်ရောက်တာ မကြာသေးတော့ ရန်ကုန်ယာဉ်စည်းကမ်းတွေ သိပ်မသိလို့ပါ ပြောပြတယ်။ ဒဏ်ငွေအတွက် ကွန်ပလိန်း ဘယ်နေရာကို စာရေးတင်ရမလဲ မေးတယ်။ မြို့နယ်စည်ပင်ရုံးမှာ ကွန်ပလိန်း တင်ရမယ်လို့ တာဝန်မှူးက ပြောပါတယ်။

စင်ကာပူမှာဆိုရင် ပထမအကြိမ်ဆို ကွန်ပလိန်းတက်ရင် ကင်းလွတ်ခွင့်ပေးလေ့ရှိပါတယ်။
ရန်ကုန်မြို့မှာ ကားမရပ်ရနေရာကို ရပ်ရင် ကားကရိန်းဆွဲခံ ထိတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပေမဲ့ နယ်ကလာတဲ့လူကမသိတော့ ခံလိုက်ရပါတယ်။ ရန်ကုန်မှာ ကားမောင်း၊ ကားရပ်မယ်ဆိုရင် မျက်စိနဲ့နား ဖွင့်ထား၊ ယာဉ်ထိန်းရဲရှိမရှိကြည့်ပြီး လည်ရင်လည်သလို ဂငယ်ကွေ့လုပ်တယ်။ ကားလမ်းမပေါ် ခပ်တည်တည်နဲ့ ကားရပ်တော့ လမ်းတွေပိတ်ကုန်တာ စည်းကမ်းမလိုက်နာတဲ့ ကားမောင်းသူတွေကြောင့် ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာတော့ အားလုံးကို ဖမ်းလို့လည်း မဖြစ်၊ ဒါကြောင့် တက္ကစီဒရိုင်ဘာလေးက အန်ကယ်ရေ၊ ယာဉ်ထိန်းရဲက ကျနော်ကိုလည်း ရှင်းပြဖူးတယ်။ ညီလေး ငါးမျှားဖူးသလားလို့မေးတော့ ကျနော်က မျှားဖူးပါတယ်လို့ ဖြေတယ်။ ဒီတော့မှ ဖမ်းတဲ့ ယာဉ်ထိန်းရဲက ..အေး..ငါတို့အလုပ်က ငါးမျှားသလိုပဲကွာ..၊ ငါးတိုင်းဖမ်းစားချင်ပေမဲ့ ..ငါးမျှာချိတ်ကို ဟပ်တဲ့ငါးပဲ ဖမ်းမိသလိုပေါ့။ တခြားလူတွေကိုမဖမ်းဘဲ ညီလေးမှာဖမ်းခံရတာ ကံစမ်းမဲပေါက်တယ်လို့ ပဲ ထားလိုက်ပါတော့…လို့ ရှင်းပြပါတယ်။
စဉ်းစားမိပါတယ်။ မနှစ်ကထက်စာရင် ရန်ကုန်မှာ ကားသိပ်မကြပ်တော့ပါဘူး။ ယာဉ်မောင်းတွေလည်း အရင်တုန်းကထက်စာရင် အမောင်းကျွမ်းကျင်လာကြပါပြီ။ ရဲတွေကလည်း ဖမ်းမယ်ဟေ့ ကြေညာပြီးမှ ဖမ်းလေ့ရှိပါတယ်။ ကားဒရိုင်ဘာတွေ ပိုမိုစည်းကမ်း ရှိလာတယ်။ ဒေါသတွေ နည်းလာပြီး ကားတစီးနဲ့တစီး နားလည်မှုတွေ ပိုရှိလာတဲ့အပြင် ယာဉ်ထိန်းရဲတွေလည်း အရင်ကလို စည်းကမ်း ဖောက်မှုတွေ လိုက်ဖမ်း အကြံဖန်လာဘ်ငွေပေးရတာတွေ နည်းပါးလာတာတော့ အမှန်ပါပဲ။ ယာဉ်ထိန်းရဲများကို လစဉ် ဘောနပ်စ် ကျပ်၂ သိန်းလောက် လစာအပြင် ပိုပေးဖို့လည်း လိုပါတယ်။ က.ည.န ဌာနက ငွေချမ်းသာတဲ့ အစိုးရဌာနပါ။ ယာဉ်မောင်းလိုင်စင်ကဒ်ပြားက စပယ်ရှယ် ဘဏ်ကဒ်ပြားလိုပဲ၊ လ.ဝ.က ထက်တော့ အများကြီး ချမ်းသာပုံရပါတယ်။ လ.ဝ.က မှတ်ပုံတင် အနီကပ်ပြားကတော့ စက္ကူဘဝမှာပဲ ရှိနေတုန်းပါ။
အခုကိစ္စတော့ “ကားမရပ်ရ ဆိုင်းဘုတ်” တွေတင်မထားပဲ ကားကရိန်းနဲ့ ဆွဲဖမ်းနေတာတော့ လွန်နေတယ်လို့ ထင်ပါတယ်။
ကွန်ပလိန်းတော့ တက်ရပါဦးမယ်။
ဇာနီကြီး

Monday, December 12, 2016

ဆိုင်ကယ်တစီး ၄ဦး၊ ၆နှစ်ကလေးပါ ပွဲချင်းပြီးသေဆုံး - ဆားမလောက် 12-12-2016




ကနဦးသတင်း
ရန်​ကုန်​ပုသိမ်​ကားလမ်းဆားမ​လောက်​အနီး။ ယနေ့ 7:45 AM ကလေးတစ်ဦးအပါအခင်းဖြစ်နေရာတွင်လေးဦးစလုံးပွဲချင်းပီး
သဆုံး
(ကိုငယ်)
>> Zin Moe


Ko Htwe added 3 new photos.
20 hrs
12-12-2016
ဟသာင်္တ-ရန်ကုန်ပြေးဆွဲနေသော ရဲရင့်ခိုင် ခရီးသည်တင်ကားသည် ယနေ့ဒီဇင်ဘာ ၁၂ရက် နံနက် ၇း၄၅ အချိန်တွင် ပုသိမ် -ရန်ကုန်လမ်းမ
ကြီးရှိ ဆားမလောက် အနီးတွင်တိုက်မူ့ဖြစ်ပွားပြီး ကလေးငယ်တစ်ဦး
အပါအဝင် လူ လေးဦး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပါသည်
ဒါဟာ တိုင်းပြည်အတွက် ထည့်သွင်းစဉ်းစားရမဲ့အချက်ပါ စည်းကမ်း
နဲ့ ဥပဒေတစ်သားတည်းမဖြစ်သေးသမျှ အရည်အသေွးနိမ့်ကျနေတဲ့
ယာဉ်မောင်းသမားတွေ ဆက်ရှိနေဦးမှာပါဗျာ ။ ။

( တချို့ကားသမားတွေက အုံနာလည်းအပြည့်အဝမအပ် လမ်းလူရဖို့
ကိုယ်ရဖို့အတွက်အပြိုင်အဆိုင်မောင်း အခုတော့ ထောင်နဲ့ညားပြီပေါ့)
Credit



ရန်ကုန်-ပုသိမ် လမ်းပေါ်တွင် ယဉ်တိုက်မှုဖြစ်ပွား
ညောင်တုန်း ၊ ဒီဇင်ဘာ ၊ ၁၂
ရန်ကုန်-ပုသိမ် လမ်းပေါ်ရှိ ညောင်တုန်းမြို့ မဲဇလီကျေးရွာအုပ်စု ညောင်ဇောက်ကျေးရွာအနီးတွင် ယနေ့နံနက်၌ ရဲရင့်ခိုင် မှန်လုံအမြန်ယဉ်မှ ရှေ့ကားကျော်တက်စဉ် တစ်ဖက်မှမောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ဝင်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါလာသူ ၄ ဦးလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည် ။ သေဆုံးသူရုပ်အလောင်းများအား နာရေးကူညီမှု အသင်း-ညောင်တုန်း မှ လာရောက်ကောက်ယူခဲ့ပြီး သေဆုံးသူ ၄ ဦးမှာ ဓနုဖြူမြို့နယ်မှဖြစ်သဖြင့် ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှတဆင့် သေဆုံးသူများနေထိုင်ရာ ဓနုဖြူမြို့နယ်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
Photo credit . နာကူ-ညောင်တုန်း
. ဉာဏ် လင်း ထက်


Arr Ow ကားသမားအပြစ်​​ပေါ့
LikeReply114 hrs
Hnin Pwint ဖြစ်ဖြစ်ခြင်းရောက်သွားတာကြည့်ပြီးစိတ်ထဲမကောင်းဘူးခလေးလေးကို
LikeReply113 hrs
Shein Zin Phyo 😢😢😢
LikeReply113 hrs
Zarni Gyi
Write a reply...
Arkar Phyo အေးကွာ စိတ်မကောင်းလိုက်တာ
ကားသမား မဆင်မခြင်မောင်းလို့ အသက်၎ချောင်းတောင်ပေးလိုက်ရပြီ
LikeReply113 hrs
LikeReply113 hrs
Pyae Pyae Pyae Pyae ဆိုင်ကယ်တစ်စီးတည်းကိုလေးယောက်စီးတာလား
LikeReply113 hrs
Saw John Khant 9နှစ်လား10လားကလေးတစ်ရောက်ပါတယ် လေးရောက်စီးပေမဲ့ ဆိုင်ကယ်ကမမှားဘူးထင်တယ်ဗျ ကား2ဆီးကအသေပြိုင်လာကြတာလေ
LikeReply8 hrs
Zarni Gyi
Write a reply...
Wai Yan 4ယောက်တေင်စီးတာကို
LikeReply112 hrs
Saw John Khant 9နှစ်လား10လားကလေးတစ်ရောက်ပါတယ် လေးရောက်စီးပေမဲ့ ဆိုင်ကယ်ကမမှားဘူးထင်တယ်ဗျ ကား2ဆီးကအသေပြိုင်လာကြတာလေ
LikeReply8 hrs
Zarni Gyi
Write a reply...
Nann Nwe Ni ကူညီ​ပေးသူ​တွေကို သာဓု​ခေါ်ပါတယ်
LikeReply112 hrs
Thura Zaw ကားက ညာဘက်မှာရှိရမှာကို ဘယ်ဘက်ရောက်နေတယ်ဆိုတော့ ကားသမား မဆင်မခြင်လို့ ဖြစ်ရတာပဲထင်တယ်😡😡
LikeReply311 hrs
Ko Pyae ကားသမားတွေမိုက်ရိုင်းလွန်းတယ်
LikeReply210 hrs
Zar Chi စိတ်​မ​ကောင်းလိုက်​တာ
LikeReply10 hrs
Aung Thu Khine ကားဆရာကြီး ခင်ဗျာကြောင့်လူတွေသေကုန်ကြပြီး
LikeReply110 hrs
LikeReply9 hrs
Kyaw Thet ပြေးပြီကားဒရိုက်ဘာ ပိုင်ရှင်ကိုတရားစွဲ
LikeReply9 hrs
Saw John Khant ရန်ကုန် ပုသိမ် ဟိုင်းဝေးလမ်းမက ကားတွေ ထျော်လာဂျီတွေမောင်းတာ ကမ္ဘာပျက် မတက်ပဲဗျာ ဘာလာလာတစ်ချက်ကလေးမှအရှိန်မလျော့ကြဘူး ကျွန်တော် တို့ကလမ်းမကြီးဘေးတင်နေတာ့ ကိုယိ့စီထိုးကျလာရမာတောင်ကြောက်ပြီးသတိနဲ့နေနေရတာ
LikeReply8 hrs
ပရဟိတ လုလင် လေးသက်တောင်ပေးရတယ်ဆိုတော့ မဆင်မချင်မောင်းတဲ့ကားသမားရဲ့အသက်လည်းပြန်ပေးသင့်တယ်
LikeReply4 hrs