Saturday, August 15, 2020

ကျနော်လဲ အဂတိ လုပ်နေ ရ ပြီလေ။

 ကျနော် မြန်မာပြည်ပြန်လာချိန် ကိုယ်မှန်/မှား ပါစေ အာဏာပြ. ငွေတောင်းဖို့ ဖမ်းတဲ့ ယာဉ်ထိန်းရဲကို ချလံရေးခိုင်း. လိုင်စင်သိမ်းခံပြီး ရုံးထိလိုက်ရှင်းခဲ့တာ ၅ကြိမ်မကတော့ပါ။ အကြိမ်အားလုံး အထက်အရာရှိက အမြဲတမ်းပြန်ပေးပြီး.. ငါးမျှားပုံပြင်. ငါးအများကြီးမဖမ်းနိုင်ပဲ တကောင်ပဲမိလို့ပါ..ပြောပြပါတယ်။

.

 ..နောက်ပိုင်း ဖမ်းခံရတာနဲ့ လိုင်စင်/ ဝှီးတက် ပေးလိုက်ပြီး အရေးကြီးလို့ သွားခွင့်ပြုပါ. ၁၅မိနစ်အတွင်း ကျနော့်လူ လာရှင်းပါမယ် တောင်းပန်ပြောရပါတယ်။. .. မိတ်ဆွေတယောက်ကို ဖုန်းဆက် သွားယူခိုင်ရပါတယ်။  ကျပ်၁သောင်း အနည်းဆုံးပေးပြီး လိုင်စင်ဝှီးတက် သွားရွေးခိုင်းတဲ့နည်း သုံးနေပါပြီ. ..ကျနော်လဲ အဂတိ လုပ်နေ ရ ပြီလေ။ 

.

မပေးလို့လဲ မရတော့ပါ။ 

ယာဉ်ထိန်းရဲ ရုံးကနေ တရားရုံး ပို့လ်ုက်ရင် ၂ရက်ကြာပြီး. တရားဝင် ဒဏ်ငွေ ၅သောင်း (တရက်လုပ်အားခရဲ့ ၁၀ဆ) ပေးရတာ ကိစ္စမရှိပေမဲ့ လိုင်စင်ပိတ် ၆လ ပြစ်ဒဏ်က ကြီးလှပါတယ်။ 

.

ပေးရမှာပေါ့ကွယ်။ 

Friday, August 14, 2020

လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ချိုင့်ထဲသို့ထိုးကျ

 လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ယာဉ်တစ်စီး ချိုင့်ထဲထိုးကျ

======================================


ဝမ်းတွင်း   ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အလည်ဂိတ်မီးပွိုင့်အကျော်တွင် ဩဂုတ် ၁၃ ရက်    နံနက် ၂ နာရီ မိနစ် ၅၀ က အိမ်စီးကားတစ်စီးမှ လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုဝင်ရောက်တိုက်မိပြီး ချိုင့်ထဲသို့ထိုးကျကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှု သတင်းအရဒုရဲအုပ်စုရည်နှင်းနှင့်တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင် အမှတ်(၃၂၇/၅)နှင်(၃၂၇/၆)အကြားဝမ်းတွင်းမြို့အလည် ဂိတ်မီးပွိုင့် အနီးတောင်ဘက်မှမြောက်ဘက်သိုယာဉ်မောင်းကိုအောင်ဌေးမောင်းနှင်လာပြီးဘေးတွင်ကိုဝင်းနိုင်(၂၃)နှစ်လိုက်ပါလာသော(MDY-6c/-------) TOYOTA HILUX SURFယာဉ်အမျိုးအစားသည် လမ်းဘေးရှိ လျှပ်စစ် မီးတိုင်ကိုဝင်ရောက်တိုက်မိခဲ့ပြီးအနီးရှိလမ်း၏ယာဘက်ခြမ်းချိုင့် အတွင်းသို့အချိန်လွန်ပြီးတိုးကျသွားခဲ့ရာယာဉ်မောင်းကိုအောင်ဌေးတွင် ယာလက်ခုံပေါက်ပြဲဒဏ်ရာ၊ ကိုဝင်းနိုင်တွင်ဝဲတံတောင်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ရဲဆေးစာနှင့်အတူဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့တင်ပို့ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် အများပြည်သူသွားလာရာ လမ်းမပေါ်တွင် မိမိ ကိုယ်ကိုနှင့်အခြားသူအားထိခိုက်ဒဏ်ရာရရှိအောင် မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်ခဲ့သော ယာဉ်မောင်းကိုအောင်ဌေး(၂၁)နှစ် ရပ်စောက်မြို့နယ်နေသူတို့အား ဝမ်းတွင်းမြို့ မှရဲစခန်းဒုရဲအုပ်စုရည်နှင်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်)