Monday, December 12, 2016

လမ်းစည်းကမ်း နဲ့ ကားကြပ်ခြင်း. .လူတွေစည်းကမ်းလိုက်နာဖို့နဲ့ အစိုးရကောင်းတခု ဖြစ်လာဖို့



လမ်းစည်းကမ်း နဲ့ ကားကြပ်ခြင်း. . .
ဆရာအောင်သင်းက စစ်ခွေးလေ့ကျင့်ရေးရောက်ပြီး အမိန့်နာခံပုံကို သဘောကျလို့ ''ဗမာခွေးကို လေ့ကျင့်ပေးလို့ရမလား'' မေးခွန်းမေးတယ်။ စစ်ဗိုလ်က ''ဟာ ရတာပေါ့။ ဗမာခွေးက ပိုတောင်တတ်လွယ်သေးတယ်။ ဒါပေမဲ့ ဗမာခွေးက စိတ်မပါရင် မလုပ်ဘူးဗျ'' . . တဲ့။
.
ယာဉ်ထိန်းရဲတွေ စိတ်ပါမှ ထွက်ဖမ်း စိတ်မပါရင် မဖမ်းတော့တာတွေ'' . . ပြီးတော့ လိပ်လိုမောင်းရတဲ့ ရန်ကုန်မြို့ထဲမှာ လူသေ ဒဏ်ရာရတဲ့ ကားတိုက်မှု မရှိပါဘူး။ အားလုံးနားလည်မှုနဲ့ မောင်းနေရတာ . . ည ၆နာရီကျော်ရင် ယာဉ်ထိန်းရဲ ရော တခြားရဲတွေ အပြင်မထွက်တော့ဘူး။ ကြောက်တာထက် ကိုယ့်ရဲအမှုထမ်းကိုယ်နှုက်က သောက်စားတာ မထိမ်းနိုင်လို့ ဖြစ်မှာပါ။
ကားကြပ်တာဖြေရှင်းဖို့ လိုင်စင်ပိတ်လဲ တခြားမြို့နယ်က လိုင်စင်ထပ်လုပ်လို့ ရတာပဲ။ လိုင်စင် ထုတ်ပေးတာလဲ အဂတိတွေ ရှိပြီး စာမေးပွဲဆိုတာလဲ လုပ်ချင်မှလုပ်တယ်။ လဘက်ရည်ဖိုးက အမြဲ ပါတာပဲ။
စည်ကမ်းမဲ့ကားများ ဖေ့ဘုတ်မှာ ကားနံပါတ် စည်းကမ်းဖောက်ချိန် ဖော်ပြထားပေမဲ့ မဖမ်နိုင် . . ကညန ဌာနကို မိုဘိုင်းနက်ဝပ်လုပ်ပြီး မိတာနဲ့ ဒေတာထည့်ပစ်လိုက် ပညာပေး ပြီးရင် ဒဏ်ငွေရိုက် ပေါ့။ အခုတော့ နိုင်ငံခြားမှာ ကြီးလေးတဲ့ မီးနီဖြတ်မောင်းတာလဲ ဒဏ်ငွေ ၃သောင်း။ မီးစိမ်းမှာ ဖြေးဖြေး ကွေ့တည့်မောင်း ပြစ်ဒဏ်ကို ဒဏ်ငွေ၆သောင်းနဲ့ လိုင်စင်တနှစ်ပိတ်။ ဖမ်းတဲ့ရဲ သူ့ရုံးခန်းသွားပြီး အဆူခံလိုက် . . လဘက်ရည်ဖိုးပေးလိုက်ရင် အိုကေနေတာ လက်ရှိစနစ်ပါ။
.
.

ကားကြပ်တာ ဖြေရှင်းချင်ရင် နည်းလမ်းအများကြီးရှိပါတယ်။

* မြို့ထဲဝင်လာတဲ့ကားတိုင်း အခွန်ကောက်ပါ။ စင်ကာပူမှာ CBD central business district စနစ်ဆိုရှိပါတယ်။ မြို့ကြီးတိုင်းမှာ ကားမကြပ်ဖို့ စနစ်တွေရှိပါတယ်။

* ကားမောင်းလိုင်စင်ကို ရန်ကုန်မြို့တွင်း မှန်ကန်မြန်ဆန်စွာ ဒဏ်ရိုက်စနစ် အကောင်ထည်ဖေါ်နိုင်ပါတယ်။ လဘက်ရည်ဖိုး ပေးရတာ နိုင်ငံတော် မရတဲ့အပြင် ပြစ်ဒဏ်မှတ်တမ်းမရှိတော့ ဒရိုင်ဘာ နောင်တရမှာမဟုတ်ပါ။

* ကားကရိန်းနဲ့ ဆွဲတဲ့စနစ်ကို ထိရောက်စွာ ကျင့်သုံးပါ။ ဖမ်းချင်မှ ကောက်ဖမ်းတာမျိုး ဥပဒေ လက်တလုံးခြားတွေ အားပေးနေတာမျိုး မလုပ်ဖို့။

* မြို့ထဲမှာ ကားရပ်နားခ ဈေးကြီးကြီး ကောက်ပစ်လိုက်ပါ။ လမ်းစည်းကမ်း ထိန်းကော်မတီတွေ ဖွဲ့ပြီး လမ်းတိုင်းမှာ ဖမ်း ဒဏ်ရိုက်စေပါ။ High Parking Fee in Yangon. မပေးနိုင်သူများအတွက် ခပ်ဝေးဝေးမှာ လပေးကားရပ်နားစခန်းများစွာ လုပ်ပေးပါ။

* လူငယ်လုပ်အားပေးတွေကို ကားစည်းကမ်းဖောက်လို့ ဒဏ်ငွေ လိုင်စင်ပိတ် အရေးယူနေကြောင်း စာရွက်လေးတွေ လမ်းဆုံတွေမှာ ဝေကြည့်စေချင်ပါတယ်။ အခုတော့ တမင်မှားအောင် စောင့်ဖမ်းတဲ့ စနစ်ကြီးလို ဖြစ်ပျက်နေပါတယ်။

* စည်းကမ်းဖောက်တာ သိရင် ဒရိုင်ဘာရော ပိုင်ရှင်ပါ အရေးယူ . . လိုင်းဘတ်စကားဒရိုင်ဘာကို အလုပ်ထုတ်ရုံပဲ အရေးယူတာတော့ စိတ်ပျက်စရာ ရယ်စရာဖြစ်နေတယ်။

* ဒီအကြောင်းတွေလည်း ရန်ကုန်လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးဆီ တရားဝင် မှတ်ပုံတင်နဲ့ တင်ပြဖို့ ကြိုးစားနေပါတယ်။ အခုတော့ လမ်းဘေးဈေးသယ်တွေ ရှင်းလင်းနေပြီး ကမ်းနားလမ်းကို ရွှေ့ပြောင်းနေပါတယ်။ 

* ကွန်တိန်နာတွေ ည၉နာရီမှ သယ်ယူခွင့်ပြုလို့ နေ့ခင်းပိုင်းတော့ ကားတွေရှင်းသွားပေမဲ့ ဒါက ရေရှည်လုပ်လို့မရကြောင်း သိလာပါတယ်။

* လူတွေစည်းကမ်းလိုက်နာဖို့နဲ့ အစိုးရကောင်းတခု ဖြစ်လာဖို့.. အချိန်ကာလ တစ်ခုတော့ စောင့်ရပါဦးမယ်။
ဇာနီကြီး
၁၃ ဒီဇင်ဘာ ၂၀၁၆

No comments:

Post a Comment